တစ်တိုက်ထဲနေ သူငယ်ချင်းတစ်ယောက်က စပြီး အကြွေစေ့စုရာကနေ သူ့ဆီက ဓါတ်ကူးပြီး ကိုယ်ပါ အကြွေစေ့စုဖြစ်သွားခဲ့တာ။ ရှားပါး ပိုက်ဆံ အရွက်တွေနဲ့ ရောက်လေရာ အရပ်က ပိုက်ဆံအရွက်တွေလည်း အမှတ်တရ စုပါသေးတယ်။ အရွက်တွေကိုတော့ သိပ်စိတ်မပါလို့ ပို့စ်ထဲ မထည့်ရေးတော့ဘူး။
ဒီမှာ အကြွေစေ့တွေရပြီဆို ခေါင်းနဲ့ ပန်းကို လှန်ကြည့်၊ ကိုယ့်စုဗူးလေးထဲမှာ မရှိသေးတာဆိုရင် အဲ့ဒီအစေ့ကို စုဗူးလေးထဲ ထည့်စု၊ တခြားနိုင်ငံတွေ သွားဖြစ်လို့ အကြွေစေ့ သုံးတဲ့ နိုင်ငံဆို အဲ့ဒီအကြွေစေ့လေးတွေကို အမှတ်တရအနေနဲ့ သိမ်းထားပြီး စုဗူးလေးထဲ ထည့်စု၊ တစ်ချို့ သူငယ်ချင်းတွေ ဒီလာလည်တဲ့အခါ သူတို့ဆီက အကြွေစေ့လေးတွေကို အမှတ်တရ ပေးခဲ့တော့လည်း စုဗူးလေးထဲ ထည့်စု၊ အဲ့လိုနဲ့ပဲ အခုဆို အကြွေစေ့လေးတွေ ၇၆စေ့ ရှိသွားပြီ။
အဲ့ဒီ အကြွေစေ့လေးတွေကို အမှတ်တရအနေနဲ့ သိမ်းထားချင်လို့ ဒီပို့စ်လေးကို ရေးလိုက်ပါတယ်။
မြန်မာ - ၁ ကျပ်၊ ၅၀ ကျပ်
ထိုင်း - ၁၀ ဘတ်စေ့
ထိုင်း - ၅ ဘတ်၊ ၂ ဘတ်၊ ၁ ဘတ်၊ ပြား ၅၀၊ ပြား ၂၅ စေ့
တရုတ် - ၁ ယွမ်၊ ၅ ပြား၊ ၁ ပြား
စင်ကာပူ - ၁ ဒေါ်လာ၊ ၅၀ ဆင့်၊ ၂၀ ဆင့်၊ ၁၀ ဆင့်၊ ၅ ဆင့် ( စင်ကာပူက သူငယ်ချင်း အကိုကြီးတစ်ယောက်လာလည်တုန်းက လက်ဆောင် ပေးခဲ့တာပါ။)
မလေးရှား - ၁၀ စံ၊ ၅ စံ ( စင်ကာပူက သူငယ်ချင်း အကိုကြီးတစ်ယောက်လာလည်တုန်းက လက်ဆောင် ပေးခဲ့တာပါပဲ။ ဘယ်လိုခေါ်ရမယ် မသိတာနဲ့ အကြွေစေ့မှာ ရေးထားတဲ့ SENကို စံလို့ပဲ မြန်မာမှုပြုလိုက်ပါတယ်။)
အာရပ် - ၁ အေအီးဒီ (ထင်တာပါ.. မသေချာပါဘူး။ သိတဲ့သူများ မှားနေရင် ကျေးဇူးပြုပြီး ပြင်ပေးကြပါ။)
ဥရောပ - ၂ ယူရို၊ ၁ ယူရို၊ ၅၀ ဆင့်၊ ၂၀ ဆင့်၊ ၁၀ ဆင့်၊ ၅ ဆင့်၊ ၂ ဆင့်၊ ၁ ဆင့်
အင်္ဂလန် - ၁ ပေါင် (သူငယ်ချင်း ညီမလေးတစ်ယောက် လာလည်တုန်းက လက်ဆောင် ပေးခဲ့တာပါ။ ပေါင်စေ့က တော်တော်ကို ထူလို့ စုဗူးကို ဖွင့်ပြီးမှ ထည့်လို့ ရတယ်။ အထူအပါး ကွာခြားမှုကို သိသာအောင် ထိုင်း ၁၀ ဘတ်စေ့၊ ၂ ယူရိုစေ့တို့နဲ့ အတူ ယှဉ်ပြထားတာပါ။)
အကြွေစေ့တွေကို ဓါတ်ပုံရိုက်တာမှာ အလင်းမပြန်အောင် ဘယ်လိုရိုက်ရမှန်း မသိတာနဲ့ အဆင်ပြေသလိုပဲ ရိုက်ထားလိုက်တာ ကြည့်ရတာ သိပ်တော့ ထင်ထင်ရှားရှား၊ ပြတ်ပြတ်သားသား မရှိဘူး ဖြစ်နေတယ်။ နောင် ပိုပြီး ကောင်းကောင်းရိုက်တတ်ခဲ့ရင် ပုံကောင်းလေးတွေနဲ့ လဲတင်ပါ့မယ်ရှင်..။
မြန်မာနိုင်ငံ အကြွေ စေ။ ၅ပြား ၁၀ပြာ ကို ဘယ်ခုနှစ်အထိ သုံး ခဲ့လဲ သိချင်လို့ပါ
ReplyDelete09762231080
ReplyDelete1950နောက်ပိုင်းကကြွေပြားစေ့လေးတွေရောင်းချင်ပါ
ReplyDeleteတယ်
09672812879
ReplyDeleteရောင်းချင်ပါတယ်
ReplyDelete2540ထုတ် 5ဘတ်စေ့ရှိပါတယ်
ReplyDelete၁၂၃၄၅၆
ReplyDeleteထိုင်း2ဘတ်ဆေ့ရောင်းချင်ပါတယ်
ReplyDeleteမြန်မာအကွေ့စေ့ရောင်းချင်ပါတယ်
ReplyDelete