Tuesday 27 September 2011

အန်ကောဝပ် ခရီးစဉ် - ၎

အန်ကောဝပ်မှာ ကျောက်တုံးကြီးတွေကို ဆက်စပ်ပြီး သေသပ်လှပတဲ့ လက်ရာတွေအဖြစ် ထုဆစ်ထားတာကို တွေ့ရတာ ရင်သပ်ရှုမောဖွယ်ပါပဲ။ ဘိလပ်မြေဆိုတာ မရှိသေးတဲ့ခေတ်မှာ အခုလို ကျောက်တုံးတွေ တစ်တုံးနဲ့ တစ်တုံး ဘယ်လို ဆက်စပ်ထားခဲ့သလဲဆိုတာကို ခုထိ မသိကြရသေးဘူးလို့ ဝီကီထဲမှာ ပြောထားပါတယ်။ သူတို့ကတော့ သစ်စေးတို့ ဘာတို့နဲ့ လုပ်ထားတယ်လို့ ခန့်မှန်းကြတယ် ဆိုပါတယ်။ အန်ကောဝပ်ရဲ့ ဗိသုကာလက်ရာတွေဟာ တကယ်ကို စိတ်ဝင်တစား လေ့လာချင်စရာ ကောင်းပါတယ်။

တစ်ချို့နေရာတွေမှာ ကျောက်တုံးတွေကို သံချောင်းတွေနဲ့ တွဲစပ်ထားတာ တွေ့ခဲ့ရပါတယ်။ ဒါတွေက နောက်ပိုင်းမှ ပြုပြင် မွမ်းမံထားတဲ့ အစိတ်အပိုင်းတွေလို့လည်း တစ်ချို့က ခန့်မှန်းကြပါတယ်။ ကိုယ်တိုင်ကတော့ နားမလည်လို့ သေချာမသိပါဘူး။ နောင် အချိန်ရမှ စာတွေရှာဖတ်ကြည့်ပါဦးမယ်။

ဒီပို့စ်မှာတော့ ရှေးဟောင်းဗိသုကာလက်ရာတွေကို စိတ်ဝင်စားသူတွေအတွက် ရိုက်လာတဲ့ပုံတွေထဲက ကောင်းနိုးရာရာလေးတွေကို ရွေးတင်လိုက်ပါတယ်။

ဘယွန်း (Bayon)


ဒါကတော့ သူတို့ဆီမှာ Apsara လို့ခေါ်တဲ့ ကချေသည် အလှမယ်လေးတွေပုံကို ထုဆစ်ထားတာပါ။




နံရံတွေမှာ၊ တိုင်လုံးတွေမှာ ရုပ်ကြွပန်းချီတွေကို တော်တော်အနုစိပ် ထွင်းထုခဲ့ကြပုံပါပဲ။ ခုလို ပျက်စီးပြီး မှုန်ဝါးဝါးပဲ မြင်ရတာတောင် တော်တော်သေသေသပ်သပ် ထုဆစ်ထားတာကို တွေ့နေရသေးတယ်။








ကျောင်းဆောင်တွေ အတော်များများရဲ့ အတွင်းပိုင်းခေါင်မိုးတွေက တော်တော်ကို မြင့်ပြီး ထိပ်ဘက်ကို ဖွင့်ထားပါတယ်။ လေနဲ့ အလင်းရောင်ရအောင်လို့လို့ ထင်ပါတယ်။ အမိုးက အရမ်းမြင့်နေပြီး ထိပ်ဝက သိပ်မကျယ်တော့ မိုးရွာရင်လည်း အထဲကို မိုးသိပ်မပက်ပါဘူး။



ပြိုကျခါနီး နံရံတစ်ချပ်

အပြိုအပျက်တွေက ဟိုတစ်ပုံ ဒီတစ်ပုံနဲ့ မျက်စိထဲမှာ လှတောင် လှနေသေးတယ်။ ရေညှိစိမ်းစိမ်းလေးတွေနဲ့။

ပြန်လည်မွမ်းမံဖို့ ကျောက်တုံးတွေကို ပုံထားတာ။ အဲ့ဒီမှာ သူတို့က ကျောက်တုံးအသစ်တွေနဲ့ အစားထိုးပြီးရင် အဲ့ဒီကျောက်တုံးကို အစိမ်းရောင်နဲနဲရောထားတဲ့ ထုံးသုတ်လိုက်တယ်။ အဲ့ဒီတော့ ရေညှိတက်နေတဲ့ ကျောက်တုံးအဟောင်းတွေကြားထဲမှာ အသစ်တွေကရောပြီး မသိသာတော့ဘူး။


ကျောက်တုံးတွေကို သံချောင်းတွေနဲ့ ချိတ်ဆက်ထားတာ



ဆက်ရန်...

4 comments:

  1. အစ-အဆုံး ဖတ်သွားတယ်။
    သဘောကျတယ်။ သွားခြင်တယ်။ အချိန်နဲ့ ငွေ ရှာရအုံးမယ်။
    စာတွေ၊ ကပုံတွေက ယိုဒယားနဲ့  ဆင်တူနေတယ်နော်။
    ဘာလီလဲ သွားခြင်တယ်။
    ဘာပဲဖြစ်ဖြစ် ခုလို ရှယ်ဖတ်ရတာ ကောင်းတယ်။ကျေးဇူးပဲ။

    ReplyDelete
  2. ကြားဖူးခဲ့တာပဲရှိတယ်ပုံတွေဘာတွေခုမှ
    မြင်ရတွေ့ရတာပါ
    သွားချင်တယ်အဲဒီလိုနေရာမျိုးတွေကို
    အန်ကောဝပ် ခရီးစဉ် - ၄ ထိတောင်ရောက်နေပြီနော်မသိလိုက်ဘူး
    ဒီနေ့မှ ဘလော့တစ်ခုမှာတွေ့လို့လိုက်လာတာပါ
    ၃-၄ ကိုဖတ်ခဲ့ကြည့်ခဲ့ပါတယ်ရှင်

    ReplyDelete
  3. ခရီးသွားပိုစ့်တွေကိုစိတ်ဝင်စားတယ် များများရေးပါ အားပေးနေပါတယ် ဘန်ကောက်အကြောင်းလည်းရေးပါ ဗဟုသုတရလို့  ဖတ်ရတာ ကောင်းပါတယ်

    ReplyDelete
  4. မစော (အဝါရောင်မြေ)၊ မစံပါယ် (တောင်ကြီး) နဲ့ မပိုးပိုးရှင့်..

    လာလည်တာ၊ ကွန်မန့်ရေးပေးခဲ့တာနဲ့ အားပေးတာအတွက် ကျေးဇူးပါ..။

    ပုံမှန် ဆက်ရေးဖြစ်နေအောင် ကြိုးစားပါ့မယ်။ =)

    ReplyDelete