Friday 2 December 2011

Savannakhet, Laos ခရီးစဉ်

လာအိုနိုင်ငံမှာရှိတဲ့ ဆဗနခတ်ဆိုတဲ့မြို့လေး (Savannakhet) က ဖွံဖြိုးတိုးတက်မှု သိပ်မရှိပေမယ့် အင်မတန်အေးချမ်းပြီး လူနေကျဲပါးပါတယ်။ အခုတော့ တရုတ်တွေ တဖြည်းဖြည်းနဲ့ စီးပွားရေးလာလုပ်၊ အခြေလာချတာတွေရှိလာလို့ လူဦးရေ အသင့်အတင့်ရှိလာတဲ့ နေရာလေးပါ။


Savannakhet ကို သွားဖို့က လေယာဉ်တိုက်ရိုက်မရှိတာကြောင့် သူနဲ့ နယ်စပ်ကပ်လျှက်ဖြစ်တဲ့ ထိုင်းနိုင်ငံဘက်က မုဒဟန် (Mukdahan) ဆိုတဲ့ မြို့လေးကနေ တဆင့်သွားရပါတယ်။ Mukdahan ကလည်း အတော်သေးတဲ့မြို့လေးဆိုတော့ အဲ့ဒီကိုလည်း လေယာဉ်က တိုက်ရိုက်မရြှိပန်ပါဘူး။ အဲ့ဒီတော့ Mukdahan နဲ့ အနီးဆုံး လေယာဉ်ကွင်းရှိတဲ့ Ubon Rtchathani ကို အရင်သွား၊ အဲ့ကနေမှ ကီလို၉၀လောက်ဝေးတဲ့ Mukdahan ကို ကားနဲ့ ၃နာရီလောက်ကြာအောင် သွားရပါတယ်။


Mukdahan ကနေ Savannakhet ဘက်ကို ကူးတဲ့ Friendship Bridge ပေါ်က Immigration ပါ။ အမြဲလိုလို လူမရှိတတ်တဲ့ လူဝင်မှုကြီးကြပ်ရေး ဌာနလေးပေါ့။ အဖြူတွေကိုတော့ ရံဖန်ရံခါ တွေ့ရတတ်တယ်။ သူတို့က ကျောပိုးအိတ်တလုံးနဲ့ လျှောက်ခရီးသွားနေကြတော့ နေရာစုံပိုရောက်မယ် ထင်တယ်။


ရောက်ရောက်ချင်း အခန်းမှာ ခဏနား၊ ရေမိုးချိုးပြီး မဲခေါင်မြစ်ဘက်အခြမ်းကို လမ်းလျှောက်သွားကြတယ်။ ကမ်းနားမှာ စားသောက်ဆိုင်လေးတွေက တန်းစီနေတာပဲ.. ဝင်တော့ မဝင်ဖြစ်ခဲ့ဘူး။ အပြင်ဘက်ကပဲ ဓါတ်ပုံရိုက်ခဲ့တယ်။


အတူသွားတဲ့ သူငယ်ချင်းနှစ်ယောက်ကို ပုံထဲထည့်ရိုက်လိုက်တာ.. တစ်ချို့ဓါတ်ပုံတွေက လူပါမှ ပိုအသက်ဝင်သလိုပဲ။


ကမ်းနားက စားသောက်ဆိုင်လေး


ကမ်းနားက နေဝင်ချိန်ကို လျှောက်ပြီး ရိုက်ထားတာပါ။ မြို့ပြနဲ့ဝေးတဲ့ ဒီလိုနေရာလေးတွေမှာ လတ်ဆတ်တဲ့လေကို ရှုသွင်းရင်း သဘာဝ အလှအပလေးတွေကို လှည့်ပတ်ကြည့်ရတာ တကယ်ကိုစိတ်ချမ်းသာစရာ။





ညနေ ၆နာရီ - အစိုးရရုံးတစ်ရုံးရှေ့မှာ ဝန်ထမ်းတွေ ညီညီညာညာ ကိုယ်လက်လှုပ်ရှား အားကစားလုပ်နေကြတာ


အဲ့တုန်းက တည်းတဲ့ ဟိုတယ်က မနက်စာပါ.. ကြက်အူချောင်းအရောင်က တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းရဲ့ ဖုန်းအခွံအရောင်နဲ့တူနေလို့ ဓါတ်ပုံရိုက်ခဲ့ကြသေးတယ်.. ကြက်သားအရသာ ပန်းရောင် ဂျုံချောင်းကြီးဆိုပြီး။



Savannakhet က Duty Free Shop! =)

6 comments:

  1. တောဘက်သွားရတာ ပိုစိတ်ဝင်စားစရာကောင်းမယ်။

    Tester တွေက Dont test လား ???

    ReplyDelete
  2. Hote tal, Rita.. Those testers are not supposed to test there. Funny.

    ReplyDelete
  3. အီးတီသများနီ့ကိုသတ်ချင်တယ်

    သများလာအိုသွားချင်ပါတယ်ဆိုအေ

    <3

    ReplyDelete
  4. ချစ်အသီး.. နီသွားချင်ရင် နာအားရင် လိုက်ပို့ပေးမယ်လေ.. လာအိုက နာ့ရဲ့ တတိယအိမ်လိုကို ဖြစ်နေဘီ..။

    ReplyDelete
  5. ၈ယ်၈ျီးလားဟင်

    <3

    ReplyDelete